产品介绍

Emindsoft Operating system (Server Version)
Emindsoft Operating system(Server Version) သည် လုပ်ငန်းသုံးအဆင့် အသုံးများ operating system တစ်မျိုးဖြစ်ပါသည်။ ထို Server Version သည် သာမာန် ကွန်ရက်ဆာဗာ ဥပမာအားဖြင့် web server အပြင် ရေဒီယိုကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊ဘဏ္ဍာရေးလုပ်ငန်း၊ အစိုးရဌာန၊ စစ်တပ် စသည့် လုပ်ငန်းဌာနအသီးသီးတွင်ပါ အသုံးပြုရန်သင့်တော်သော အလွန်အရေးပါသည့် လုပ်ငန်းသုံးအဆင့် application တစ်မျိုးဖြစ်ပါသည်။
Emindsoft operating system(Server Version) ၏ စိတ်ချယုံကြည်မှု၊ စွမ်းဆောင်ရည်၊ လုံခြုံမှု၊ လွယ်ကူအသုံးဝင်မှု၊ လိုအပ်သလိုစီမံနိုင်မှု စသည့် ကဏ္ဍများကို အပြည့်အဝကောင်းမွန်လာအောင် ဘက်စုံမြှင့်တင်ခြင်းများ ပြုလုပ်ပေးထားသဖြင့် လုပ်ငန်းပိုင်းဆိုင်ရာသုံးစွဲသူများအတွက် လုံခြုံစိတ်ချရသော stable ဖြစ်သည့် Operating system ကောင်းတစ်ခုကို ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ system သည် 32 bit မှ 64 bit အထိ key application system ကို လိုအပ်သလိုအသုံးပြုနိုင်ပြီး ကြီးမားသော အချက်အလက်များသိုလှောင်သည့်စင်တာကြီး သို့မဟုတ် ခွဲဖြန့်ထားေသာ network application server စုအဖြစ်လည်း အသုံးပြုနိုင်သဖြင့် ထိရောက်မြန်ဆန်သော လုပ်ငန်းဆောင်ရွက်မှုများကို အဆက်မပြတ် ဖန်တီးပေးသွားနိုင်မည်ဖြစ်သည်။
Emindsoft မှ ထုတ်သော server product များသည် stable ဖြစ်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း၊ မြန်ဆန်ထိရောက်မှုရှိခြင်း၊ လုပ်ငန်းသုံးအဆင့် အရေးကြီးapplication များကို ကောင်းစွာ ထောက်ပံ့မှုပေးနိုင်ခြင်းတို့ကြောင့် သုံးစွဲသူများ၏ ကျေနပ်နှစ်သက်အားရခြင်းကိုခံရပါသည်။