关于一铭


Position:Home / About Us /

Emindsoft ကုမ္ပဏီသည် ကမ္ဘာတစ်လွှားအသုံးများသောအခြေခံဆော့ဝဲများ၊ cloud computing system နှင့် အာဆီယံဘာသာစကားများအလိုအလျောက်ဘာသာပြန်ပေးနိုင်သည့် cloud translation ဆော့ဝဲများကို လေ့လာတီထွင်ထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ တရုတ်နိုင်ငံရှိ New OTC Market(New over-the-counter Market)၌ ပထမဦးဆုံး မှတ်ပုံတင်နိုင်ခဲ့သော ပြည်တွင်းဖြစ် operating system ကို ထုတ်လုပ်နိုင်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်ပါသည်။ ကုမ္ပဏီ၏ မှတ်ပုံတင် Securities Code အမှတ်မှာ 831266 ဖြစ်ပါသည်။

ကုမ္ပဏီသည် စတင်ဖွင့်လှစ်သည့်အချိန်မှစပြီး နိုင်ငံတော်၏ software အစစ်အသုံးပြုရေး လုပ်ငန်းစဉ်ကြီးကို အစဉ်အမြဲတစိုက်မတ်မတ် အားပေးကူညီခဲ့ပြီး နိုင်ငံအနှံ့ ပြည်တွင်းဖြစ် operating system အသုံးပြုရေးကို သမိုင်းပေးတာဝန်အဖြစ်ထမ်းဆောင်ကာ နိုင်ငံတစ်လွှားမှ software များအားလုံး အစစ်အမှန်ဖြစ်ရေးကို နိုင်ငံတော်နှင့်အတူ တွန်းအားပေးကူညီလုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုမ္ပဏီသည် နိုင်ငံတော်၏ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားကူညီအားပေးမှုကြောင့် အခြေခံအသုံးပြုဆော့ဝဲများ၊ အင်တာနက်ပိုင်းဆိုင်ရာနှင့် cloud computing system စသည့်နည်းပညာများတွင် ရှေ့ပြေးဖြစ်လာခဲ့ပြီး ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အဆက်မပြတ် ချဲ့ထွင်လုပ်ကိုင်ဆောင်ရွက်လာနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဆိုလျှင် ကုမ္ပဏီမှထုတ်လုပ်သော ဆော့ဝဲနှင့် operating system များကို တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းပေါင်း ၃၂ ခုတွင် အသုံးပြုလျက်ရှိနေပြီဖြစ်ပါသည်။

ကုမ္ပဏီရုံးချုပ်ကို ပီကင်းမြို့တွင် ဖွင့်လှစ်ထားရှိပြီး Guangxi, Chongqing, Hubei Guizhou တို့တွင်လည်း ရုံးခွဲများဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် Guangdong, Jiangsu, Liaoning တို့တွင်လည်း စီမံခန့်ခွဲရေးရုံးငယ်များ ထားရှိပါသည်။

ကုမ္ပဏီသည် China OSS Promotion Union တွင် ဒုတိဥက္ကဌ တာဝန်ယူထားရသော လုပ်ငန်းဖြစ်ပြီး  တရုတ်မူပိုင်ကြီးကြပ်ရေးအသင်း(CSC)၊ တရုတ်ဆော့ဝဲလုပ်ငန်းရှင်များအသင်း(CSIA)၊ တရုတ်ဆော့ဝဲမဟာမိတ်အဖွဲ့(CSA)၊ China Intelligent Terminal Operating System Industry Alliance၊ Open Source ဆော့ဝဲနှင့်အခြေခံဆော့ဖ်ဝဲအထွေထွေနည်းပညာဆန်းသစ်တီထွင်မှုဗျူဟာကျမဟာမိတ်အဖွဲ့၊ ပီကင်း Changfeng ITလုပ်ငန်းရှင်များမဟာမိတ်အဖွဲ့၊ ကွမ်းရှီးဆော့ဝဲလုပ်ငန်းရှင်များအသင်း စသည့်အသင်းအဖွဲ့များတွင် အရေးပါအဖွဲ့ဝင်နေရာ၌ ပါဝင်သော လုပ်ငန်းလည်းဖြစ်သည်။

Emindsoft ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ပြည်တွင်း၌ အများသုံး အခြေခံဆော့ဝဲများကို ထုတ်လုပ်ပံ့ပိုးရောင်းချသည့် ရှေ့ပြေး ကုမ္ပဏီတစ်ခု ဖြစ်သည့်အလျောက် Beijing Emindsoft Open Source software နည်းပညာသိပ္ပံ၊ ကွမ်ရှီးလေ့လာတီထွင်ထုတ်လုပ်မှုစင်တာ အစရှိသည့် လေ့လာဆန်းသစ်တီထွင်ထုတ်လုပ်မှုဆိုင်ရာ ဌာနများကိုလည်း တည်ထောင်ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် ပီကင်းတက္ကသိုလ်၊ ထျန်းကျင်းတက္ကသိုလ်၊ ရှီးအန်း ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းတက္ကသိုလ်၊ အီလက်ထရောနစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ် စသည့် တရုတ်နိုင်ငံမှ နာမည်ကျော်တက္ကသိုလ်များနှင့် ပူးပေါင်းကာ စမ်းသပ်တီထွင်မှုများ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပါသည်။

Emindsoft ကုမ္ပဏီသည် စတင်တည်ထောင်စဉ်ကာလမှ ယနေ့အထိ နိုင်ငံတော်နှင့် အဖွဲ့အစည်းအသီးသီးမှ ချီးမြှင့်သော ဆုများစွာကိုလည်း ဆွတ်ခူးရရှိခဲ့ပါသည်။ အဆိုပါဆုများမှာ

၁။  ၂၀၁၄ခုနှစ်တွင် တရုတ်ဆော့ဝဲနှင့် သတင်းအချက်အလက်ဝန်ဆောင်မှု Operating System နယ်ပယ်၏စွမ်းဆောင်မှုအကောင်းဆုံးလုပ်ငန်းရှင်ဆု။

၂။ ၂၀၁၃-၂၀၁၄ခုနှစ်အတွက် တရုတ်ဆော့ဝဲနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုလုပ်ငန်းတွင် ဆန်းသစ်တီထွင်မှု၌ အကျိုးသက်ရောက်မှုအရှိဆုံးလုပ်ငန်းဆု။

၃။ ၂၀၁၄ခုနှစ်တွင် တရုတ်နိုင်ငံ၌ မူပိုင်အကျိုးသက်ရောက်မှုအရှိဆုံးလုပ်ငန်းဆု။

၄။ ၂၀၁၃-၂၀၁၄ခုနှစ်အတွက် ကွမ်ရှီးပြည်နယ် ထူးချွန်ဆော့ဝဲလုပ်ငန်းဆုနှင့် ကွမ်ရှီး information application လုပ်ငန်းဆု။

၅။ ၂၀၁၆ခုနှစ်တွင် တရုတ်စီးပွားရေးလုပ်ငန်းများ ပြည်တွင်းဖြစ် Operating System

ရွေးချယ်အသုံးပြုမှု၌ ကျေနပ်မှုအရရှိဆုံးဆု။